ဇေယျာသီရိခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဥတ္တရသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင် အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဖွဲ့စည်းခြင်း၊ အိမ်တွင်းမှုသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်နိုင်မှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများထံမှတင်ပြလာသည့် အမှုကိစ္စများဆောင်ရွက်ပေးခြင်း၊ သက်ငယ်မုဒိမ်း ကျား/မ ခွဲခြားဆက်ဆံမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဇေယျာသီရိခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းထူးက ကော်မတီဝင်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)