ပင်လောင်း မတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးထွန်းလင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဦးဟာအောင်က စာရေးဆရာမ ခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်မှ "ကျော်ကြားမှုအတွက်ပေးဆပ်ရခြင်း" ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးသည်။
ဆက်လက်၍ "ရှင်သန်တိုးပွားချစ်ခြင်းတရား" ခေါင်းစဥ်အား Book Club အဖွဲ့ဝင် ဒေါ်နန်းအုံခမ်းကလည်းကောင်း၊ "အချိန်အခါကိုသိပါ" ခေါင်းစဥ်အား အဖွဲ့ဝင် ဒေါ်နန်းရွှေဝတ်မှုံ ကလည်းကောင်း၊ ဦးသန်းထွန်းက"ကျေးဇူးပါမေမေ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ "မျှော်လင့်ချက်" ခေါင်းစဥ်အား အဖွဲ့ဝင် ဒေါ်မူနွယ်ကြည်ကလည်းကောင်း၊ "သနားကြင်နာမှုသည်သာ" ခေါင်းစဥ်အားအဖွဲ့ဝင် ဦးဇော်မျိုးအောင်က လည်းကောင်း၊ "လမ်းလျောက်ထွက်ကြမယ်" ခေါင်းစဥ်အား အဖွဲ့ဝင် ဒေါ်ခင်လေးဖြူကလည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းတိုးထက်ပိုင်က "ဘာကြောင့်မေ့တာလဲ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်ဖြူဝင်းက "မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့" ခေါင်းစဥ်အားလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်မျိုးနွယ် က"သိုက်မြုံမှ ခွာသောအခါ" ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)