ခရမ်း မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော၊ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်စိုးမိုးက မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု ၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူး အသုံးပြုပုံ နည်းစနစ်များ၊ မီးငြိမ်းသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်နည်းများကို ဟောပြောရှင်းလင်း ပြသခဲ့သည်။
မီးငြိမ်းသတ်ခြင်း သရုပ်ပြဇတ်တိုက် လေ့ကျင့်ခြင်း ပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြတ်စိုးမိုး ၊မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းထူး၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် စျေးသူစျေးသားများ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စျေးသူစျေးသားများက မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း ၊ မီးသတ်ဆေးဘူးဖြင့် စနစ်တကျ အလွယ်တကူ မီးငြှိမ်းသတ်နည်း၊ အရေးပေါ် အလွယ်ကူဆုံး မီးဖိုမှ မီးလောင်မှုဖြစ်ခြင်းအား အမြန်ဆုံးထိရောက်စွာ မီးငြိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)