ခိုလမ် မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြို့မဈေးအတွင်း မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀:၀၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဇင်မင်းဦးမှ မီးအခြေခံသဘောတရား၊ မီးလောင်မှုအကြောင်းအရင်း၊ မီးလောင်မှုအမျိုးအစားများ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး မြို့မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့သရုပ်ပြကာ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့မဈေးအတွင်းရှိ ဈေးရောင်းသူများအား လက်တွေ့ပါဝင်မီးငြှိမ်းသတ်စေပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)