လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သံပုရာသီးများ ဈေးကောင်းရရှိ

လိပ်သို မတ် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့်  မွေးမြူရေးလုပ်ငန်းတို့အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေနှင့် အိမ်ခြံဝင်းများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ နွေရာသီကာလ အသီးရင့်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံပုရာပင်စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာ ကောင်းမွန်သည့် မြေဖြစ်သင့်ပြီး နေရောင်ခြည် ကောင်းမွန်သည့် နေရာတွင်စိုက်ပျိုးလျှင် ပန်းများများ ပွင့်၍ အသီးများစွာ သီးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိုးရာသီနှင့် နွေဦးပိုင်းတွင် အသီး များများသီးကြောင်း၊ ပြုံပြွတ်ပြီးသီးနေသည့် အသီးများထဲမှ တစ်ချို့အသီးများကို ခြွေပေး ခြင်းမှ အရွယ်အစားကြီးမားသည့် အသီးများ ရရှိမည်ဖြစ်ကြောင်း၊ သံပုရာပင်စိုက်ပျိုးချိန် တွင် ရေများကိုလည်း လုံလုံလောက်လောက် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးရာသီတွင် လှိုင်လှိုင်သီးသော်လည်း ဝယ်ယူသူရှားပါးကြောင်း၊ နွေရာသီတွင် အသီး နည်းသော်လည်း သံပုရာရည် ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ နွေရာသီကာလတွင် သံပုရာသီး အရွယ်အစား ပေါ်မူတည်၍  တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၂၀ဝိ/-)ကျပ် နှုန်း ဖြင့် ရောင်းဝယ်လျက်ရှိရာ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေကြောင်း သံပုရာပင် စိုက် ပျိုးထားသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

 ခင်လေးနွယ် (လိပ်သို)