ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာ ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး မတ် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ချက်များနှင့် ပတ်သက်၍ သိရှိနားလည်သဘော ပေါက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်ကာ ကျေးရွာ/ရပ်ကွက်များသို့ အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့် ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား စည်သာကျေးရွာနေ ပြည်သူများအားလည်းကောင်း၊ အင်တိုင်းကျေးရွာနေ ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးနောက် ဆွေးနွေးပွဲ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း