မြစ်သား မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က ယခုအစည်းအဝေး ကျင်းပခြင်းသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံစေပြီး ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်း သိကောင်းစရာများ၊ ဓါတ်သတ္တုတူးဖော်ခြင်းလုပ်ငန်း ဥပဒေဆိုင်ရာများအကြောင်းနှင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများ အချိန်မှီ ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးကြပါရန် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှလည်း ထပ်ဆင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)