မြင်းခြံမြို့ အမှတ် (၁) သံမဏိစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၊ စက်ရုံဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်

မြင်းခြံ မတ် ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁) သံမဏိစက်ရုံ၌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်း၊ စက်ရုံဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြင်းခြံခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် တပ်ဖွဲ့ဝင်များက အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးပြီး စက်ရုံ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဟောပြောခြင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။               

ခရိုင်(ပြန်/ဆက်)