ကျီခါး နို၀င်ဘာ ၃
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာမဲရုံများ၌တာ၀န်ထမ်းဆောင်ကြမည့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များမဲပေးခွင့်မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲနေ့တွင် သက်ဆိုင်ရာ မဲရုံအသီးသီး၌ တာ၀န်၀န်ထမ်းဆောင်မည့် ၀န်ထမ်းများ၊ တာ၀န်အရ မဲဆန္ဒနယ်ပြင်ပတွင် တာ၀န်ထမ်းဆောင်ကြမည့် မဲဆန္ဒရှင် များစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျီခါးမြို့ ရပ်ကွက်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ရုံးများ၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်းနှင့် ကျီခါးမြို့ပေါ်၌ မဲရုံ(၂)ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသော မဲဆန္ဒရှင်စုစုပေါင်း (၁၂၄၄)ဦးရှိကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)