ဒေါ့ဖုန်းယန် နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရန်အတွက် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့်သူများသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မဲရုံတွင်တာဝန်ထမ်းဆောင် မည့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ အထူးရဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မသန်စွမ်းသူများနှင့် ခရီးသွားရန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ မဲရုံသို့ကိုယ်တိုင်မလာ ရောက်နိုင်သည့် ကျန်းမာရေး မကောင်းသူများ မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့အဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံ(၁၂)ရုံနှင့်၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူပေါင်း (၁၀၇၁၉) ဦးရှိရာ နိုဝင်ဘာလ(၂)နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးပြီးသူ စုစုပေါင်း( ၇၈၆ ) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်း သိရသည်။
မြသက်( ပြန်/ဆက် )