ရေဇွာ နိုဝင်ဘာ ၃
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တည်ငြိမ်အေးချမ်း စွာဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တည်ငြိမ်အေးချမ်း စွာဆန္ဒမဲပေးနိုင်ရန် ကြိုတင်စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရန်နှင့် မတော်တဆ ဖြစ်ပွားမှုများရှိခဲ့ပါက အလွယ်တကူ မီးငြိမ်သတ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် မှုအခြေအနေများ၊ မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေ များကြည့် ရှုစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို ရေဇွာမြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အသီးသီးတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ ရဲတပ်ဖွဲ့ဝင်များအား မီးသတ်ဆေးဘူး အသုံးပြုနည်းအဆင့်ဆင့်များကို အသေးစိတ် သရုပ်ပြပေးခဲ့ကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)