ပျော်ဘွယ် ဖေဖော်ဝါရီ ၁၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက မင်းရွာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမား ဘဝသို့ မရောက်စေရန်အတွက် မိဘများမှ သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစီးပေးသင့်သည့် အခြေအနေများ၊ မိဘနှင့်သားသမီးကြား ဆက်ဆံရေး အကြောင်းအရာများ၊ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကြောင်းပေးရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျေးရွာနေပြည်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)