ခေါင်လန်ဖူး နို၀င်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးအဖွဲ့(Health Working Group) ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၀) ခုနှစ်အား နှစ်အလိုက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်း (Annual Operation Plan) ကို နှစ်စဉ်ရေးဆွဲ၍ ထိရောက်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ခေါင်လန်ဖူးမြို့နယ်အနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်မိရပ်ဖများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်အဆင့်ကျန်းမာရေးအဖွဲ့ (Health Working Group) ဖွဲ့စည်းရခြင်းဖြစ်ကြောင်း မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂွမ်ဆိုင်းလီက ပြောကြားခဲ့သည်။
အဆိုပါကျန်းမာရေးကော်မတီအဖွဲ့၀င်များသည် အားလုံးပါ၀င်သော ကျန်းမာရေးစီမံကိန်း (ITHP)ရေးဆွဲခြင်း၊ မြို့နယ်ကျန်းမာရေး စီမံကိန်းနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော် နေသော အဖွဲ့အစည်းများ၊ (INGO/NGO/EHO/CSO/IPS) တို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပေါင်းစပ်ညှိနှိုင်းခြင်းစသည့် လုပ်ငန်းတာ၀န်(၈)ရပ်ကို အားလုံးပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)