စိုက်ပျိုဧက(၉၇၉၄)ဧက အကျိုးပြုသည့် တမုတ်စိုက်ပျိုးရေပေးမြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး စုပေါင်း အမှိုက်များကောက်

ကျောက်ဆည် ဖေဖော်ဝါရီ ၂

ကျောက်ဆည်မြို့တွင် အနော်ရထာမင်းကြီး လက်ထက်က ဖောက်လုပ်ခဲ့သည့် စိုက်ပျိုးမြေ (၉၇၉၄)ဧက အကျိုးပြုလျက်ရှိသည့် တမုတ်စိုက်ပျိုး ရေပေးမြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယမန်နေ့ နံ နက် ၈ နာရီအချိန်က ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော် ဦးဆောင်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြောင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြောင်းအတွင်းမှ ထွက်ရှိလာသည့် အမှိုက်အစို များကို စည်ပင်သာယာရေးအဖွဲ့ပိုင် ကားများဖြင့် တင်ဆောင်ပြီး စနစ်တစ်ကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှိုက်အခြောက်များကို မြောင်းအတွင်း၌ပင် မီးရှို့ခြင်းဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)