မြင်းခြံ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် Grade-5 နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အထက(၁) ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
"ပထမအကြိမ် Grade-5 သင်ရိုးသစ်သင်တန်းကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာ/ဆရာမများအတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ပါတယ်။ Grade-5 သင်ကြားနေသည့် ဆရာ/ဆရာမများအနေဖြင့် သင်ရိုးသစ် သင်ခန်းစာများကို ကျောင်းသား/ကျောင်းသူများအတွက် ထိရောက်စွာ သင်ကြားနိုင်စေရေးအတွက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း" မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အဆိုပါ သင်တန်းကို မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၂၀၀) ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ (၁၇) ဦးတို့အား ဒီဇင်ဘာ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ နည်းပြ ဆရာ/ဆရာမ (၁၀) ဦးဖြင့် (၄) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)