ဟားခါး ဒီဇင်ဘာ ၂၂
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းပမာဏနည်းပါးသည့် ဌာနများနှင့် ပထမသုတ်အဖြစ် ပြုလုပ်ရသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေများသည် ပြည်ထောင်စုမှ ခွဲဝေချထားပေးသည့် ရန်ပုံငွေဖြစ်ကြောင်း၊ လုပ်ငန်း/စီမံကိန်းများ လျာထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက်နှင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပြီး ထိရောက်သည့် စီမံကိန်းများဖြစ်ရန်လိုကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားပြီး နောင်လာမည့်အချိန်တွင် ချင်းပြည်နယ်အနေဖြင့် ပြည်ထောင်စုကို ပြန်လည်ထောက်ပံ့နိုင်သည့် အခြေအနေထိဖြစ်အောင် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံချက်များကို ထိရောက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေများသည် ပြည်ထောင်စုမှ ထောက်ပံ့ပေးသည့် ရန်ပုံငွေများဖြစ်ကြောင်း၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း/စီမံကိန်းများ လျာထားရာတွင် လက်ရှိအခြေအနေအရ အမှန်အကန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ လျာထားရန်လိုကြောင်း ဆွေးနွေး တင်ပြသည်။
ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဌာနအလိုက် အဆိုပြုလျာထားနှုနှင့် ယယီစိစစ်မှုအခြေအနေ၊ ဌာနတစ်ခုချင်း၏ နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဌာန၏အဆိုပြုတင်ပြချက်နှင့် ယာယီစိစစ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ မီးသတ်ဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/ စီမံကိန်းလျာထားချက်များကို လုပ်ငန်းစီမံကိန်းတစ်ခုချင်းစီအလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက အကြုံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)