မိုင်းယောင်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အေးချမ်းကျေးရွာနှင့် ဝမ်လဲကျေးရွာတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးနိုင်မင်းဦးဆောင်သော ဒေသအတွင်းမီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများမဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့က အေးချမ်းကျေးရွာတွင်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးဦးဆောင်သည့်အဖွဲ့က ဝမ်လဲကျေးရွာ၌လည်းကောင်း ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးတားလမ်းကိုလည်း အကျယ် ၁၆ ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)