ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက် အလှူရှင် ဦးမျိုးဦး+ဒေါ်သင်းကြိုင် မိသားစုမှ အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက် အလှူရှင် ဦးမျိုးဦး+ဒေါ်သင်းကြိုင် မိသားစုမှ ရပ်ကွက်အတွင်းရှိ အသက် ၆၅ နှစ် အထက် အဘိုးအဘွားတို့အား တစ်ဦးလျှင် အလှူငွေကျပ် ၂၀၀၀၀ နှင့် စားသောက်ဖွယ်ရာများကို ၈၇ ဦးအတွက် ပစ္စည်းတန်ဘိုးနှင့် အလှူငွေ စုစုပေါင်း ၂၁၅၈၀၀၀ ကျပ် လှူဒါန်းပေးဝေခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)