မိုးညှင်း ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာစာဌာနမှ နည်းပြ ဒေါ်သက်သက်စိုးမှ ဗိုလ်ရှုသဘင် တေးသီချင်းဖြင့် သီးဆိုဖွင့်လှစ်၍ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝေဝေဟိန်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ရရှိလာစေရန် လွတ်လပ်ရေး သမိုင်းအကြောင်းအရာများနှင့် ပတ်သက်၍ “လွတ်လပ်ရေး၏ အနှစ်သာရ”ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ (၂၀)ရက်က ကျင်းပခဲ့သော တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများကို ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်းနှင့် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ကျောင်းသားတစ်ဦးက “လွတ်လပ်ရေးနေ့ မမေ့အစဉ် နှလုံးသားမှာ ကဗ္ဗည်းတင်” ခေါင်းစဉ်ဖြင့် ရွတ်ဖတ်ပြခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း