ညောင်ဦး ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဌ ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ညောင်ဦးခရိုင်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ညောင်ဦးခရိုင်အတွင်းအတွင်း အစဉ်အမြဲ သန့်ရှင်းသာယာလှပသော မြို့အဖြစ် တည်ရှိနေစေရန်၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအပေါ် အရေးပေါ်တုန့်ပြန်မှုအစီအစဉ်များ ဆောင်ရွက်ရန်၊ စက်မှုမြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝအန္တရာယ်လျော့ပါးရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြလူနေထိုင်မှုစနစ်တည်ဆောက်ရန် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အစိမ်းရောင်စီးပွားရေးရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် စသည်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းနိုင်ဦးက ကြီးကြပ်မှုဆပ်ကော်မတီဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကာ ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည့်အချက်များအား ဦးစီးအရာရှိ ဒေါ်မြတ်နိုးဝေကဖတ်ကြားပြီး ဆပ်ကော်မတီဝင်များနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း