ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲများစိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်းများဆောင်ရွက်

ကျောက်ဆည် ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ဆောင်းကုလားပဲများစိုက်စိုက်ပျိုးရန် ထယ်ရေးပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ကုလားပဲများစိုက်ပျိုးရာတွင် သီးနှံအောင်မြင်ရေးနှင့် အထွက်နှုန်းတိုးပွားရေး ဒေသနှင့်ကိုက်ညီသည့် ကုလားပဲမျိုးများပိုမိုပြောင်းလဲစိုက်ပျိုးလာကြောင်း၊ ကုလားပဲစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ယခင်က အလွယ်တကူရရှိသည့် ကုလားပဲမျိုးများကိုဝယ်ယူ၍ မိရိုးဖလာစိုက်နည်းဖြစ်သည့် ထယ်ရေးပြင်ပြီး ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးသည့်အတွက် သီးနှံအထွက်နှုန်းများရသင့်သလောက်မရကြောင်း၊ ယခုအချိန်တွင် တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်၍ ရေ၊ မြေဒေသနှင့်ကိုက်ညီသည့် ရေဆင်: (၁၃ကုလားပဲများကိုပြောင်းလဲပြီး သိပ္ပံနည်းဖြင့်စနစ်တကျ ပြောင်းလဲစိုက်ပျိုးခဲ့မှုကြောင့် စိုက်ခင်းများပိုမိုကောင်းမွန်လာပြီး သီးနှံများအထွက်နှုန်းသိသိသာသာ တိုးပွားလာကြောင်း အင်တိုင်းကျေးရွာမှ တောင်သူဦးတင်နှင်းက ပြောပြသည်။

ကုလားပဲစိုက်တောင်သူများ လူမှုစီးပွားရေးဘဝအဆင်ပြေစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း() ရေဆင်း(၁၂) ကုလားပဲအနီမျိုးများနှင့် ရေဆင်း()၊ ရေဆင်း()၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ခင်းများအောင်မြင်စေရေးလိုအပ်သည့် စိုက်နည်းစနစ်များ ကူညီပေးလျှက်ရှိကြောင်း သိရှိရသည်။

သက်မောက် (ကျောက်ဆည်)