လဲချားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်

လဲချား ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(လဲချား)တွင် ပြုလုပ်ခဲ့ပါသည်။

ရှေးဉီးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြမြစန်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက် လာသည့် ဆရာ/ဆရာမများမှ မြို့နယ်အဆင့် အင်္ဂလိပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်မြှင့်ဆွေးနွေးပွဲကို ၂၁.၁၂.၂၀၂၃ မှ ၂၄.၁၂.၂၀၂၃ အထိ (၄)ရက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆရာ/ဆရာမ စုစုပေါင်း ၁၀၃ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)