ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကုန် ဒီဇင်ဘာ ၂၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ် မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများ ပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်သူဇာထက်က စာရေးဆရာမ ခင်စောတင့် ရေးသားသော သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း ၆၀”  စာအုပ်ဖြင့် လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ဘဝတွင် အောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)