သံတောင်ကြီးဒေသတွင် နနွင်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး စတင်ဆွတ်ခူး

သံတောင်ကြီး  ဒီဇင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ပိုင်းတွင် အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့နှစ်ကစပြီး နနွင်းကိုစိုက်ပျိုးလုပ်ကိုင်ခဲ့တယ် နှစ်ရှည်ပင်ကိုပဲအားကိုးလို့မရတော့ဘူး၊ ဘာကြောင့်လဲဆိုရင် နှစ်ရှည်ပင်တွေက အသီးသီးချင်တဲ့အချိန်သီးတယ်  တခါတလေဈေးကောင်းရ တယ် တခါတလေဈေးကောင်းမရဘူး  ဒါကြောင့် လွန်ခဲ့တဲ့နှစ်ကစပြီး နနွင်းကိုစတင် စိုက်ပျိုးလုပ်ကိုင်ခဲ့တယ် ယခင်နှစ်က နနွင်းအခြောက်တစ်ပိဿာကျပ် (၄၀၀၀)အထိသာရပြီးယခုနှစ်မှာတော့ နနွင်း အခြောက်တစ်ပိဿာကျပ်(၆၀၀၀)အထိ ရတဲ့အတွက် စားဝတ်နေရေးအဆင် ပြေစေခဲ့ပါတယ်” ဟုသံတော်ကြီးမြို့နနွင်းစိုက်ပျိုးလုပ်ကိုင်သူတောင်သူ ဦးစောသာဝါးက ပြောကြားခဲ့သည်။

နနွင်းကိုတူးပြီးရေးဆေးပေးခြင်း၊ နူးအောင်ပြုတ်ကာနေပူလှန်းခြင်းတို့ကို ဆောင်ရွက်ပြီးရရှိလာသည့် နနွင်းများကို အရောင်တက်လာစေရန်ဇကာများဖြင့်နေလှန်းပြီး တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံသို့ ရောင်းချပေးလျက်ရှိပြီး ယခုနှစ်တွင် နနွင်းအခြောက်တစ်ပိဿာ ကျပ် (၆၀၀၀) အထိရရှိကြောင်းသိရ သည်။

နော်နော်မူ