သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ် ပုံမှတ်ထုတ်ပေး

သံတောင်ကြီး    ဒီဇင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်း အလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင် လာ ရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်ထုတ်ယူရာတွင်လစဉ်(၂၁)ရက်နေ့မှ လကုန် ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)