မိုင်းယောင်း၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ လမ်းဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထက်ဝေတင့်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းခိုင်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ခမ်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များက မြို့နယ်လမ်းဦးစီးဌာနမှ တင်ပြလာသော မိုင်းယောင်း-မိုင်းဖြတ်လမ်းမကြီး၊ မိုင်းယောင်း-မိုင်းယုလမ်းမကြီးတို့အား လမ်းဦးစီးဌာနပိုင် အမည်ပေါက်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဗလမင်းထင်ခန်းမ၌ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အဖွဲ့၏ ပရိတ်ရွတ်ဆိုပူဇော်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးသည် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မိုင်းယုမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်း အောင်မြင်ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို မြို့ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)