သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) အဋ္ဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား ကျင်းပ 

ပြင်ဦးလွင် ဒီဇင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊သားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်) အဋ္ဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ  မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာများနှင့်  သင်တန်းဆင်း ဆရာမများ တက်ရောက်ကြသည်။

ရှေးဦးစွာ   ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာ သင်းသင်းအိမှ   ဩဝါဒစကားမြွက်ကြားခြင်း၊ သင်တန်းဆင်း ဆရာမများအားလုံးကိုယ်စား သင်တန်းဆင်း ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး  စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့  စင်မြင့်ပေါ်တွင် နေရာယူခြင်း၊ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် ယူမည့်သူများက ကတိပြုခြင်း၊ ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းခံရသောသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်း၊ ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းခံရသော သူများအား ကျောင်းအုပ်က ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းခဲ့ကြပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)