ညောင်ဦး ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး(ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဓမ္မရာဇကစေတီတော်မြန်ကြီး ပရဝုဏ်အတွင်းရှိ တန်ဆောင်းတော်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနား ဖွင့်လှစ်သည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တပဏ္ဍိတ(အလိုတော်ပြည့်စာသင်တိုက်)ဆရာတော်အရှင်သူမြတ်မှ ဩဝါဒစကား မြွတ်ကြားတော်မူသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူနိုင်ရေး နာယပအဖွဲ့၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီ အသီးသီး ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်အသီးသီး ခွဲဝေလုပ်ကိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့အားရှင်းလင်းပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆေးနွေးခဲ့ကြကြောင်း သိရသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ ဓမ္မရာဇကစေတီတော်မြတ်ကြီးဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း