အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

အမရပူရ ဒီဇင်ဘာ ၂၀

အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် နိုင်ငံကျော်စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်း အတွေးမြင်စာစုများစာအုပ်ကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမရပူရမြိူ့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြစိုး(စိုးအမရ)နှင့် စာရေးဆရာ ဦးစိန်မောင်သန်းတို့က စွန့်စားမှုဆီသို့ ခြေတစ်လှမ်းအတွေးအမြင်စာစုထဲမှ လမ်းလျှောက်ထွက်ကြမယ်၊ အချိန်အခါကိုသိပါ ခေါင်းစဥ်များကို ဖတ်ကြားပြီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ လမ်းလျှောက်ထွင်ကြမယ် ခေါင်းစဥ်မှ လမ်းလျှောက်ရခြင်းအကျိုးကျေးဇူးများကို စာအုပ်စယစောင်ချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အချိန်အခါကိုသိပါခေါင်းစဥ်မှ အချက်ငါးချက်ကို ဝိုင်းဝန်းဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)