ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် Biometric ​ကောက်ယူခြင်း ၁၁၆၄၀ ဦးပြီးစီး၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံအရှေ့ ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းကို မြို့နယ်အတွင်း ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာ ပိုမိုလွယ်ကူလျှင်မြန်ဆန်စေရန် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား Unite IDOnline စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခံနိုင်မည် အခြေခံစနစ်တည်ဆောက်စေရန် ရည်ရွယ်ကာ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်များ နေ့ချင်းထုတ်ပေးကြောင်း သိရသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရုံးမှ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့်လုပ်ငန်းများကို ဇွန်လ (၂၆) ရက်နေ့မှစတင်‌၍ ကောက်ယူခဲ့ရာ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျား(၃၆၆၉)ဦး၊ မ(၇၉၇၁)ဦး စုစုပေါင်း(၁၁၆၄၀)ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)