ညောင်ဦးမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး  ဒီဇင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတွေ့ဆုံ၍ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း