တွန်းဇံ ဒီဇင်ဘာ ၂၀
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မိသားစုအတွင်း စီးပွားရေးတပိုင်တနိုင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဘက်စုံသုံးဆပ်ပြာ ရည်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က Community Center ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်မန်းခန့်ဟွဲက ဆပ်ပြာရည်ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြကာသင်ကြားပေးခဲ့သည်။
ဆက်လက်၍ နည်းပြနှင့်အတူ သင်တန်းသား၊ သင်တန်းသူ(၈)ဦးတို့က မိသားစုအတွက် တစိတ်တဒေသ အထောက်အကူဖြစ်စေမည့် ကုန်ကျစရိတ်သက်သာ၍ များစွာအသုံးပြုနိုင်သော ဘက်စုံသုံးဆပ်ပြာရည်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)