တွံတေး ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးသေဆုံးမှု စောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ရေးကော်မတီမှဦးဆောင်၍ မိခင်နှင့်ကလေးသေဆုံးမှုလျော့ကျစေရေးအတွက်ရည်ရွယ်ကာ မိခင်နှင့်ကလေးသေဆုံးမှု စောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးသေဆုံးမှုစောင့်ကြပ်ကြည့်ရှုတုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးဇော်လှက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)ဦးလှစိုးက မိခင်နှင့်ကလေးသေဆုံးမှုစောင့်ကြပ်ကြည့်ရှုတုံပြန်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းပြောကြားခဲ့သည်။
ထို့နောက် တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်ပြည်သူ့ကျန်းမာရေးရေးဌာနမှ ကျန်းမာရေးမှူးများနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန(ခွဲ)များမှ ကျန်းမာရေးဆရာမများက မိမိတို့ဒေသအတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးသေဆုံးမှု စောင့်ကြပ်ကြည့်ရှုတုံ့ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌဒေါက်တာမျိုးဇော်လှက ဆရာ၊ ဆရာမများဒေသအတွင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၏အားသာချက်၊ အားနည်းချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးဇော်လှ၊ ခတ္ထိယတိုက်နယ်ဆေးရုံအုပ်ကြီးဒေါက်တာမျိုးမင်းအောင်နှင့် ကျေးလက်ပြည်သူ့ကျန်းမာဌာနနှင့်ဌာနခွဲများမှ ကျန်းမာရေးဆရာ၊ ဆရာမ(၇၀)ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တွံတေးသား