မန်ကန် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားစေရန် ရည်ရွယ်၍ ပြန်/ဆက်ဦးစီးဌာနမှထုတ်ဝေရေးသားသော “လက်တစ်ကမ်းမှ ရွှေနည်းလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးကပ်(ရုပ်သံ-၃(ပြ)) ကစာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေချစ်မြတ်နိုးသူအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်ခမ်းကြာက ပြန်/ဆက်ဦးစီးဌာနမှ ထုတ်ဝေရေးသားသော လက်တစ်ကမ်းမှရွှေနည်းလမ်း စာအုပ်မှ “ကျန်းမာရေးနည်းလမ်းကောင်းများ” ဆောင်းပါးအားလည်းကောင်း၊ ဒေါ်ကြည်စိုးက “နှလုံးရောဂါအတွက်ဆေးဓာတ်စာ” ဆောင်းပါးအားလည်းကောင်း၊ ဒေါ်ထွေးခင်က “ကျောနာခါးနာခြင်းမှကင်းဝေစေရန်” ဆောင်ပါးအားလည်းကောင်း၊ ဒေါ်မွန်မွန်စိုးက “ပဲတီစိမ်း” ဆောင်ပါးအားလည်းကောင်း၊ ဒေါ်ြငိမ်းချမ်းဇူက “ကွမ်းရွက်အထွက်ကောင်းစေရန်” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် (၂၀)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးကပ်(ပြန်/ဆက်)