တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား

ထားဝယ် ဒီဇင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ ကျောက်ရပ်ကျေးရွာ၊ စပါးတောင်လမ်းသွယ်တွင် နေထိုင်သည့် မီးဘေးသင့်ပြည်သူများနှင့် ဇရစ်ရပ်ကွက်၊ အာဇာနည်လမ်းတွင် နေထိုင်သည့် မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ထောင်စု (၄)စုအတွက် ထောက်ပံ့ငွေ (၄၀)သိန်းနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်/ဆီ/ကြက်သွန်နီ/အားလူးများအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ဆန်ရိက္ခာတန်ဖိုး အိမ်ထောင်စု (၄)စုအတွက် ထောက်ပံ့ငွေ (၈၂၉၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၇)မျိုးအား မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျောက်ရပ်ကျေးရွာ၊ စပါးတောင်လမ်းသွယ်တွင် ယမန်နေ့နေ့ နံနက် ၉ နာရီအချိန်ခန့်က နေအိမ်()လုံးမီးလောင်ကျွမ်းခဲ့ပြီး ဇရစ်ရပ်ကွက်၊ အာဇာနည်လမ်းတွင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၂၂ နာရီအချိန်ခန့်က နေအိမ်()လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)