ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ  ဒီဇင်ဘာ ၁၉

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က  ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲတွင်  ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ မိသားစုကိုယ်ပိုင် မူလတန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။        

သန်းသန်းနွယ်(ပုဗ္ဗ)