သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက်ချောင်း ဒီဇင်ဘာ ၁၉

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေက သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက (၇၆)နှစ်မြောက်လွတ်လပ် ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍ ကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ် ကြောင်း၊ ကော်မတီများအနေဖြင့်  အခမ်းအနားပြင်ဆင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ ရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် ကော်မတီဝင်များက လွတ်လပ်ရေးနေ့အခမ်းအနား ဆောင်ရွက်မည့် အခြေအနေများ၊ အခမ်းအနားပြင်ဆင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေး၊  ကြိုဆိုနေရာချထားရေး စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြကြောင်း သတင်းရရှိသည်။

နန်းခလိုက်(သရက်ချောင်း)