မရမ်းကုန်းမြို့နယ်တွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မရမ်းကုန်း ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်)ရှိ Drug Training အစည်းအဝေးခန်းမတွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြား​ရေးမှူး ဒေါ်သိန်းသိန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်း ဆင်းပွဲအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး  မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က နောက်ဆက်တွဲစောင့်ရှောက်မှု အခန်းကဏ္ဍနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ထို့နောက် မူးယစ်ဆေးစွဲသူများပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုသို့ အသင်းအဖွဲ့ ထောက်ပံ့ ကြေးငွေနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)