အလုံ ဒီဇင်ဘာ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂ဝ၂၃ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ် ယနေ့(၁၉-၁၂-၂၀၂၃)ရက်နေ့ (၉:၃၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ အ.ထ.က(၄)အလုံ၊ သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလုံမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အလုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁) ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ (၂၈၀)ဦး၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ(၆၂၆)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ်(ပြန်/ဆက်)