တောင်ကြီး ဒီဇင်ဘာ ၁၉
ထိုသို့ အထူးကုကွင်းဆင်းဆေးကုသမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဟိုပုံးတပ်နယ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ ဆေးကုသမှု လာရောက်ခံယူကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အထူးကု ကွင်းဆင်းဆေးကုသမှုတွင် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(တောင်ကြီး)ပါမောက္ခချုပ်၊ စဝ်စံထွန်းဆေးရုံ(တောင်ကြီး) ဆေးရုံးအုပ်ကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး(တောင်ကြီး) ဆေးရုံအုပ်ကြီးတို့မှ ဦးဆောင်ပြီး ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အထူးကုသမားတော် ဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အရေပြားအထူးကုဆရာဝန်ကြီး၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီး၊ သွားအထူးကုဆရာဝန်ကြီး၊ နှား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးနှင့် ကာကွယ်ဆေးထိုးအဖွဲ့များက သက်ဆိုင်ရာဘာသာရပ်အလိုက် ကုသမှုလာရောက်ခံယူကြသည့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၄၂၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ