ကော့သောင်း ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနခရိုင်ရုံးနှင့် မြို့နယ်ရုံး များတွင် EID စနစ်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် EID လုပ်ငန်းများ ဖြစ်သည့် နိုင်ငံသားမှတ်ပုံတင်နံပါတ်ရှိသူ များနှင့် အိမ်ထောင်စုမရှိသူများအား ရှာဖွေဖြည့်သွင်းခြင်း လုပ်ငန်း၊ အသက်(၁၆-၁၈)ကြားနှင့် (၁၈)နှစ်အထက် မှတ်ပုံတင်နံပါတ်ရှိသူများအား ရှာဖွေစာရင်း သွင်းခြင်း၊ အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းရေးသွင်းခြင်းလုပ်ငန်း၊ နိုင်-၄ အတည်ပြုခြင်း လုပ်ငန်းနှင့် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် EID လုပ်ငန်းဆောင်ရွက်နေကြသော သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများနှင့် တာဝန်ယူဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိ သည်။
ခရိုင်(ပြန်/ဆက်)