မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဥ်(၁/၂၀၂၃)ဖွင့်လှစ်

မြဝတီ ဒီဇင်ဘာ ၁၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဥ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါဦးစီးမှူးရုံးသင်တန်းခန်းမတွင် ကျင်းပသည်။

ဦးစွာ မြဝတီခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းသက်သာစေရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကိုယ်တိုင်လိုက်နာဆောင်ရွက်နိုင်ရုံသာမက ရပ်/ရွာအတွင်း ပြည်သူလူထုဘေးအန္တရာယ်အသိ၊ သတိဖြင့်အသိပညာရရှိစေရေးဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဉာဏ်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပေးသည်။

အဆိုပါသင်တန်းကို မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှသင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှ  ၂၂ ရက်ထိ ၄ ရက်တာကာလအတွင်း စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)