ရမည်းသင်း ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး စံပြကျေးရွာ စီမံကိန်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဇီးဖြူကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်ဇော်ဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒေစိုးမိုးရေးကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်မှ မကူးစက်တတ်သော ရောဂါများအကြောင်းကို လည်းကောင်း၊ အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးကျော်မိုးလှိုင်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးဝေလင်းထက်မှ ပြစ်မှု ဆိုင်ရာဉပဒေများကိုလည်းကောင်း၊ ခေတ္တမြို့နယ် လ.ဝ.ကဦးစီးမှူး ဦးမျိုးမြင့်သူမှ မွေးဖွားခြင်း၊ သေးဆုံးခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးမှူး ဒေါ်ဇင်မာထွန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်များကိုလည်းကောင်း၊ ခရိုင်ပြန်/ဆက် ဦးဇော်ဝင်းအောင်မှ စံပြကျေးရွာစီမံကိန်း၌ အရေးကြီးသည့် စာကြည့်တိုက်ဖွင့်လှစ်ရေးကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးသန့်မှ မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးရေးနှင့် စံပြကွက်များဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်စုလှိုင်မှ အသေးစားစက်မှုလက်မှု လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းမှ ကျေးရွာသစ်စီမံကိန်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဇီးဖြူကုန်းကျေးရွာမှပြည်သူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးသူရလင်းမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးရှင်းလင်း ကာလက်တွေ့ မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသသည်။
အဆိုပါစံပြကျေးရွာစီမံကိန်း၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်း ၅၅၀ပေ×၁၄ပေ×၆ပေအကျယ်ကိုလည်းကောင်း၊ အုပ်စီ ရေမြောင်းပြုလုပ်ခြင်း၊ အိမ်တွင်းလျှပ်စစ်မီးသွယ်နည်းသင်တန်းတစ်ကြိမ်၊ အခြေခံဆိုင်ကယ် ပြုပြုနည်းတစ်ကြိမ်နှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်