ဥတ္တရသီရိ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ် အခန်း(၁၉)တွင်ပါရှိသည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များခေါင်းစဉ်ပါ စာဖြင့်သတိပေးခြင်း၊ နှစ်တိုးလစာရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊ လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)