တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

တာလေ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီချင်းဆိုပြိုင်ပွဲတွင် ''အောင်ဆန်းဇာနည်''သီချင်းဖြင့် KG တန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးနှင့် Grade-1 မှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးစီ နှစ်ဖွဲ့ယှဉ်ပြိုင်ကြပြီး KG တန်းတွင် ပထမဆုကို မောင်ရိန်ကယ်ဗရီကလည်းကောင်း၊ ဒုတိယဆုကို မလင်းလက်ခင်က လည်းကောင်း၊ တတိယဆုကို မယွန်းပိုးအိမ်ကလည်းကောင်း၊ နှစ်သိမ့်ဆုကို မလှရွှေစင်နှင့် မလှသဒ္ဒါဖြူ လှိုင်ကလည်းကောင်း အသီးသီးရရှိခဲ့ပြီး Grade-1 တွင် ပထမဆုကို မဆောင်းဟေမန်ကလည်းကောင်း၊ ဒုတိယဆုကို မောင်ကောင်းပြည့်ကလည်းကောင်း၊ တတိယဆုကို မောင်ကောင်းမြတ်ကလည်းကောင်း၊ နှစ်သိမ့်ဆုကို မရွှေမြင့်မိုရ်နှင့် မအက်စတာမွန်ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရေးစုံညီပွဲတော်ကျင်းပချိန်တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)