ကော့မှူး ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဆောင်းသီးနှံနေကြာစံပြကွက်မျိုးစေ့ချပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကျီးတန်းရပ်ကွက်နေ တောင်သူဦးဝင်းကြည်၏ လယ်၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်နိုင်က နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ စိုက်ပျိုးနိုင်သော မြေအမျိုးအစားများ၊ မျိုးရွေးချယ်ခြင်း၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းများ ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဆီထွက်သီးနှံ(နေကြာ)မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့(၁)ဗိုလ်မှူးထွန်းဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူ(၇၀)ဦးခန့်ဖြင့် တောင်သူဦးဝင်းကြည်ကွင်းအမှတ်၂၉၃၊ ဦးပိုင်အမှတ် ၁၀/၃တွင် ဆီထွက်သီးနှံနေကြာ(၄)ဧကအား အတန်းလိုက်စနစ်တကျမျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)