လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) ပြည့်စုံစေရန် ဖြည့်သွင်းခြင်းများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဒီဇင်ဘာ ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှုးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုစာရင်းပုံစံ (အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်များ ဖြည့်စွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ပြည်စုံစေရန် ရေးသွင်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍  ဆောင်ရွက်လျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ ဖြည့်သွင်းရန်ကျန်ရှိသူများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျေးရွာအုပ်စု ၄ အုပ်စုတွင်အသက် ၁၈ နှစ်အောက်(၁၆မှ ၁၈ အထိ) ၅၁၃  ဦး၊  အသက် ၁၈ နှစ်အထက် ၃၃၂  ဦး စာရင်းရေးသွင်းပြီးစီးခဲ့ပြီး ကျန်ရှိသည့် စာရင်းများအား ကွင်းဆင်း၍ ဆက်လက်ရေးသွင်းလျက်ရှိကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)