ကာလိမြို့ လူထုအခြေမြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေမြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာအောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း ဆောင်ရွက်ရာတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်တက်စေရန်နှင့် စာကြည့်တိုက်ကို အသုံးချတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အခြေခံပညာအထက်တန်းပြဆရာမ ဒေါ်ဖြူဖြူကျော်က “နှလုံသားကို လေးပေါ်တင်၍ ပစ်သောအခါ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ၊မဂျူလိုင်မိုးမြင့်က “လိမ်မာရေးခြား ဆိုစကား” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်ဇော်မိုးခိုင်က “စာတက်ဖို့ စာဖတ်ဖို့” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းခြူးပန်းအိစံက “လူငယ်နှင့်သည်းခံမှု” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းအောင်မှိုင်းက “အတွေ့နှင့်အတွေး” ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်စာစောင်များ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)