မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းရယ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဟိုယကျေးရွာအုပ်စု အ.ထ.က(ခွဲ) ဟိုယတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ထိုသို့ ဆွေးနွေးဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၇၀)ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ သူများကို စာအုပ်စာစောင်များ၊ ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

မိုင်းရယ်(ပြန်/ဆက်)