ကရင်ပြည်နယ် ဘားအံမြို့ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များထုတ်ပေး

ဘားအံ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြဝတီမြို့၊ ကမ္ဘောဇဘဏ်လီမိတက်ဘဏ်ခွဲ(၁)မှ အာမခံအလုပ်သမား ဦးတင်မောင်အေး၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့်သက်ဆိုင်သည့် ငွေလုံးငွေရင်းပေးအပ်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် လူမှုဖူလုံရေးရုံး ပြည်နယ်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုစုမော်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြဝတီမြို့၊ ကမ္ဘောဇဘဏ်လီမိတက် ဘဏ်ခွဲ(၁)မှ အာမခံအလုပ်သမား ဦးတင်မောင်အေး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၅၀၀၀၀၀၀/- (ကျပ်သိန်းတစ်ရာငါးဆယ်တိတိ)ကို ဇနီးဖြစ်သူ ဒေါ်အိအိဖြိုးအား ပေးအပ်ခဲ့ရာ အဆိုပါပေးအပ်ပွဲသို့ ပြည်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)